Please rotate your device to landscape

▶

Who's watching?

Nanda Htoo
Hnin Aye Lwin
Episode 1

When I with you...

When life gives you hundred reasons to cry, I'll give you million reasons to smile.

CAST & CREW The Birthday Star: Hnin Aye Lwin Designer & Director of Smiles: Nanda Htoo BIRTHDAY WISHES သိပ်ချစ်ရတဲ့မွေးနေ့ရှင်လေးရေ... ဒီနေ့ကျရောက်တဲ့မွေးနေ့ရက်မြတ်လေးမှာရော နေ့ရက်တိုင်းမှာရောစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီးပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်ရပါစေလို့ ဦးစွာဆုတောင်းပေးလိုက်ပါတယ်။ ဒီနှစ်မွေးနေ့မှစပြီး ရှေ့ဆက်လျှောက်ရမယ့်ဘဝခရီးလမ်းမှာတွေ့ကြုံလာရမဲ့ အခက်အခဲမှန်သမျှကိုရဲရဲဝံ့ဝံ့နဲ့ အလွယ်တကူကျော်ဖြတ်နိုင်ပါစေ။ မျှော်လင့်ထားတဲ့စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေအားလုံးကို အတားအဆီးမရှိအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေ။ လျှောက်လှမ်းတဲ့လမ်းတိုင်းမှာ အလင်းရောင်တွေအမြဲထွန်းလင်းနေပြီး အောင်မြင်မှုတွေနဲ့ပဲ ပြည့်နှက်နေပါစေ။ ဝမ်းနည်းစရာတွေအားလုံးဝေးလွင့်ပြီး မျက်နှာပေါ်မှာ အမြဲတမ်းအပြုံးပန်းတွေ ဝေဆာနေပါစေ။ ကိုယ့်အပေါ်စိတ်ရင်းနဲ့ ဖေးမကူညီပေးမဲ့မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ပဲ အမြဲဆုံတွေ့ပါစေ။ ရောဂါဘယတွေကင်းဝေးပြီး သက်ရှည်ကျန်းမာပါစေ။ လုပ်ကိုင်သမျှကိစ္စအဝဝတိုင်းမှာလည်း အောင်မြင်မှုတွေဆက်တိုက်ရရှိပါစေ။ မိသားစုအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါအားကိုးရတဲ့သူ၊ ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘေးနားမှာအမြဲတမ်းရှိနေ​ပေးမယ်ဆိုတာမမေ့လိုက်ပါနဲ့နော်။ ထင်ထားတာထက်အများကြီးပိုချစ်တယ်ဆိုတာကိုလည်း သိထားပေးပါဗျာ။ Happy Birthdayပါမွေးနေ့ရှင်လေး 🌹♥️
MADE WITH LOVE © 2026 Nanda Htoo. All Rights Reserved.